အသက် ၁၆နှစ်မှာတော့ ဆယ်တန်းဆိုတာကြီးကို "အတိမ်းအစောင်း မခံတဲ့၊ သိပ်ကို ကြီးကျယ်တဲ့ ဘဝတစ်ဆစ်ချိုး" လို့ ခမ်းခမ်းနားနားထင်ခဲ့ဖူးတာ..
ဒါပေမယ့်.. အချိန်တန်လို့ ဘွဲ့ရတဲ့အခါ.. မင်း ဘာဘွဲ့ရလဲပဲ မေးတတ်ကြတယ်..
အချိန်တန်လို့ အလုပ်လုပ်တဲ့အခါ... မင်း ရာထူး ဘာလဲပဲ မေးခံရကြတယ်..
ဆယ်တန်းကို အမှတ်ဘယ်လောက်နဲ့ အောင်လဲဆိုတာ တက္ကသိုလ် ဒုတိယနှစ်လောက်မှာတောင် မမေးတော့ဘူးဆိုတာကို သတိထားမိလာတယ်..
တကယ်တော့..
"အင်အားကြီးမားသူတွေ ရှင်သန်ကျန်ရစ်တာ မဟုတ်ပါဘူး..
ရှင်သန်ကျန်ရစ်တဲ့သူတွေသာ အင်အားကြီးမားတာပါ.. "
ဂုဏ်ထူးများများ၊ အမှတ်ကောင်းကောင်းနဲ့ အင်အားကြီးကြီး မအောင်မြင်ခဲ့ရင်တောင် ဝါသနာပါရာ၊ စိတ်ဝင်စားရာနယ်ပယ်တစ်ခုမှာ အကောင်းဆုံးကြိုးစားရင်း အဆုံးထိ ရှင်သန်ကျန်ရစ်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါသေးတယ်လေ..
မျှော်လင့်သလောက် မဖြစ်ခဲ့ရင်လည်း ဘယ်သူ့ကိုမှ စိတ်မပျက်စေချင်ဘူး.. ^_^






0 comments:
Post a Comment