Pages

Tuesday, July 2, 2013

စိတ်ကောက်ခြင်းအနုပညာ

♥ စိတ်ကောက်ခြင်းအနုပညာ ♥


ကောင်မလေးတွေ စိတ်ကောက်တတ်ကြတယ်.. စိတ်ကောက်တတ်ကြတယ်နဲ့.. အဲဒီလို စိတ်ကောက်ရတာကို လွယ်တယ်များ မှတ်နေကြလားဟင်..

 
  • စိတ်ကောက်ဖို့ဆိုတာ နံပါတ်တစ် အကြောင်းပြချက် ရှာရတယ်..
  • ပြန်ချော့လောက်မယ့် အခြေအနေ ဟုတ်/ မဟုတ် အကဲခတ်ရတယ်..
  • နောက် စိတ်ကောက်နေကြောင်းကို သိစေချင်တဲ့သူ သိပြီး လာချော့အောင် အချက်ပြရတယ်..
  • ပြန်ချော့မယ့်သူရဲ့ စိတ်ရှည်တဲ့ပမာဏကိုလဲ မှန်းရသေးတယ်..
  • စိတ်ကောက်တာ အရှိန်လွန်မသွားဖို့ကိုလဲ ဂရုစိုက်ရသေးတယ်..
  • ကောက်သင့်တာထက် အရှိန်လွန်ပြီး ကောက်လိုက်မိရင် အခြေအနေက ပြန်ချော့ရတဲ့သူနဲ့ ကောက်နေတဲ့သူ ပြောင်းပြန် ဖြစ်သွားနိုင်တာကိုလဲ သတိထားရတယ်..
  • အဲဒီလို စိတ်ကောက်နေရင်းနဲ့ ဘယ်အချိန်မှာ စိတ်ပိုကောက်ရမယ်.. စိတ်ကောက်ပြောလိုက်ရမယ်ဆိုတာကိုလဲ ကောင်မလေးတွေခမျာ မီးစင်ကြည့်ကရသေးတယ်..

တကယ်တော့ စိတ်ကောက်တယ်ဆိုတာ ချော့ရတာထက်တောင် ခက်ပါသေးတယ်လေ..

အဲဒါကြောင့် မိန်းကလေးတွေ စိတ်ကောက်တာကို အပြစ်တင်မယ့်အစား စိတ်ကောက်တာထက် ပိုလွယ်တဲ့ချော့ခြင်းအမှုကိုပဲ အားကြိုးမာန်တက်ဆောင်ရွက်ကြပါလို့ မှာချင်တယ်.. :D



btw,
ယောက်ျားလေးတွေအနေနဲ့လည်း

♥ ကိုယ်ရည်းစားစကားပြောထားသော မိန်းကလေးရဲ့ စိတ်ကောက်ခံရလျှင် အဆင်ပြေပြီဟုသာ မှတ်ပါလေ..

မချော့လောက်မယ့် ယောက်ျားလေးကို ဘယ်ကောင်မလေးမှ တကူးတက စိတ်မကောက်ကြပါ... :P

0 comments:

Post a Comment