Pages

Thursday, July 4, 2013

စောင်းသံ

အကယ်၍များ နှစ်ရှည်လများမက်ခဲ့ရတဲ့ အိပ်မက်တွေထဲက တစ်ခုခု ပြောပြပါလို့ မေးလာခဲ့ရင်.. "အဲဒါက စောင်းတီးတတ်ချင်တာပဲ.." လို့ မဆိုင်းမတွဖြေမိမှာ သိပ်သေချာတယ်..

ထိုင်မသိမ်းလေးနဲ့ဖြစ်ဖြစ်.. ချိတ်လုံချည်လေးနဲ့ဖြစ်ဖြစ်.. စောင်းလေးကို ရင်မှာ ပိုက်ပြီး ဆံပင်ကို တစ်ပတ်လျှို ဆံထုံးလေးထုံး.. ပန်းလေး တစ်ပွင့်ပန်.. မြင်လိုက်ရတာနဲ့ စိတ်နှလုံးအေးချမ်းပြီး ယမင်းရုပ်လေးလို ကျက်သရေရှိမယ့် မိန်းမပျိုလေးတစ်ယောက် ဖြစ်ချင်တာ..

ပြီးတော့ အဲဒီပုံလေးကို ဓာတ်ပုံရိုက်၊ ပုံကြီးချဲ့ပြီး အိမ်မှာ မြတ်မြတ်နိုးနိုးချိတ်ထားပြီး တစိမ့်စိမ့် ကြည့်နေချင်တာ.. ဖြစ်နိုင်ရင်တော့ ပုံတူ ဆီဆေးပန်းချီကားကြီးတစ်ချပ်အထိပါ ဆွဲချင်တာ..

အဲဒီစိတ်ကူးကို အိမ်ကိုလည်း မပြောပြဖြစ်ဘူး.. တခြားဘယ်သူ့ကိုမှလည်း မပြောပြဖြစ်ဘူး.. ကိုယ့်ဘာသာတစ်ယောက်ထဲ ကျိတ်ပြီး စိတ်ကူးထားတာ နှစ်တွေအတော်ကြာခဲ့ပြီ..

ဟိုတလောက စောင်းတီးသင်ချင်လိုက်တာ မေမေရယ်ဆိုပြီး မေမေ့ကို ပူဆာမိတော့.. မေမေက သူ့သမီးဆန္ဒကို အသာတကြည်ခွင့်ပြုရှာတယ်.. ပျော်လိုက်တဲ့ ဖြစ်ခြင်း..

ဒီနေ့ကျတော့ ဘာရယ်မဟုတ်ဘဲ စောင်းတီးသင်မယ့်အကြောင်းကို စကားစပ်မိတော့ မမ Marzo Love မှာလည်း အဲဒီအိပ်မက်မျိုး ရှိပါသတဲ့.. တစ်ယောက်ကို တစ်ယောက် မပြောပြဖြစ်ဘဲ.. မက်ထားတဲ့အိပ်မက်တွေက တစ်ပတ်လျှိုဆံထုံးလေးအထိပါ တူနေတော့ အံ့သြလို့တောင် မဆုံးဘူး..

လူချင်းရင်းနှီးတဲ့အခါ စိတ်ချင်းလည်း သိပ်နီးကြတာပဲကိုး.. ဘာပဲဖြစ်ဖြစ် ချစ်ရတဲ့ မမငယ်ရဲ့ အိပ်မက်တွေရော၊ မယ်ပိုး အိပ်မက်တွေရော မြန်မြန်အကောင်အထည်ပေါ်လာနိုင်ပါစေ.. 


0 comments:

Post a Comment